Skip to main content

Status: Closed — this petition is no longer accepting signatures.

We agree that Than Shew is no more a Buddhist

We agree that Than Shew is no more a Buddhist

Closed — 1 supporters Verified

Final supporters

I
idealinlin
Started by Anonymous 16 years, 9 months ago
မောင်သန်းရွှေအားဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစုနှင့်တကွ သံဃာထုတစ်ရပ်လုံး၏ ဆောင်ရွက်ချက်ကို အထူးထောက်ခံပါသည်။ မြတ်စွာဘုရားရှင်၏ လူသားအားလုံးကောင်စားရေးအတွက် ဟောကြားဆုံးမထားသော တရားတော်များကို မလိုက်နာ မကျင့်သုံးပဲ ၁။သူတပါးအသက်မသတ်ရေးကို မောင်သန်းရွှေနှင့် အပေါင်းပါများသည် မလိုက်နာ ၂။ နိုင်ငံပိုင်ပစ္စည်းများကို စိတ်ကြိုက်ခိုးယူလျှက် လူထုကို မတရားနှိပ်စက်နေသည် ၃။ လူထုနှင့် ကမ္ဘာကို အကြိမ်ကြိမ်လိမ်လည် လှည့်စားနေသည်မှာ ကြာပြီ ၄။ အနန္တဂိုဏ်းဝင် သံဃာ့ရတနာများကိုသတ်ဖြတ် ညှင်းပန်း နှိပ်စက် ဖမ်းဆီးနေသည် ၅။ မင်းကျင့်တရား ဆယ်ပါးကို တချက်မှမလိုက်နာ အထက်ပါအချက်များနှင့် မြောက်များစွာသော အချက်များကြောင့် မောင်သန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်က ထုတ်ပယ်ပြီး မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာတော်များက သတ်မှတ်ခြင်းကို အထူးထောက်ခံပါသည်။ မောင်သန်းရွှေလုပ်ရပ်သည် ယဉ်ကျေးအောင်ဆုံးမတတ်သော ဗုဒ္ဓနှင့် ၄င်း၏တရားတော်များကိုလည်း စော်ကားရာရောက်နေပါသဖြင့် ကျန်ဗုဒ္ဓဘာသာဝင်များအတွက် အထူးဝမ်းနည်း ကြေကွဲစရာဖြစ်နေပါသည်။အခုလို တရားဝင် ထုတ်ပယ်လိုက်သည့်အတွက် ၄င်း၏လုပ်ရပ်များသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်က ဆောင်ရွက်နေခြင်းမဟုတ်တော့ပါ။မှားယွင်းသော မိစ္ဆာအယူရှိသူတစ်ဦးက ဆောင်ရွက်နေခြင်းသာဖြစ်ပါသည်။

2 Comments

W
Win Bauer
16 years ago Featured

မဟုတ်တာတွေ အရမ်းလုပ်ခဲ့တာကွာပွီ။ ဘုရားတရားကို မလေးစားတဲ့သူက ဘာသာဝင်မဟုတ်ဘူး။

K
Kyaw Bell
16 years ago Featured

စစ်အစိုးရရဲ့ လုပ်ရပ်တွေက ဗုဒ်ဓဘာသာဝင်တစ်ယောက် လုပ်သင့်တဲ့ အရာတွေ မဟုတ်ဘူး။ သံဃာတော်တွေရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ ထောက်ခံတယ်။

Share Petition

Don't stop at signing, share the petition link with friends to multiply our impact

Copy link or share directly

Instagram
QR Code